Tuesday 11 October 2011

မိမိဖိုင်များကို တခြားသူဖွင့်လို့မရအောင် သိမ်းထားချင်တဲ့ သူငယ်ချင်းများအတွက်

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ SaveHouse Explorer V3.01 ပါ။ Memory Stick ကနေ ဖိုင်များကို
ဖွင့်လို့မရအောင် ပတ်စ်ဝတ်ခံသိမ်းလို့ရတဲ့ ဆော့ဝဲလ်ကိုရှာရင်း SaveHouse Explorer V3.01 ကိုတွေ့လို့
သုံးရတာလဲလွယ်ကူ အရမ်းလဲကောင်းနေတာနဲ့ သူငယ်ချင်းတွေအတွက် ပြန်လည်တင်ပြပေးတာဖြစ်ပါတယ်။
SaveHouse Explorer ဆိုတာကတော့ မိမိရဲ့အချက်အလက်ဖိုင်တွေကို တခြားသူတွေရဲ့ကြည့်ရှု့ခြင်းမှ
ကာကွယ်ပေးပြီး မိမိခွင့်ပြုချက်ရမှ ဝင်ကြည့်လို့ရတဲ့ ဆော့ဝဲလ်လေးပါပဲ။ တနည်းပြောရမယ်ဆိုရင်
ကိုယ်ကပတ်စ်ဝတ်ခံပြီး တခြားသူဝင်ကြည့်လို့မရအောင် ပိတ်ထားတာပါ။ SaveHouse Explorer က Flash
memory stick မှတဆင့် PC တိုင်းကို Install လုပ်စရာမလိုပဲ တိုက်ရိုက် အလွယ်တကူသုံးလို့ရပါတယ်။
လုပ်နည်းတွေက အရမ်းပဲလွယ်ကူပြီး မသိသေးတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးတာဖြစ်ပါတယ်။

(၁) SaveHouse Explorer V3.01 ကို ဒီနေရာလေး မှာ ဒေါင်းချလိုက်ပါ။

(၂) ပြီးရင်တော့ run လိုက်ပါ။

(၃) run ပြီးမှ ရလာတဲ့ SaveHouse explorer shortcut ကို ကိုယ်သုံးလိုသည့် PC မှာဖြစ်စေ၊ တခြား
Memory Stick, CD & DVD ထဲမှာလဲ သုံးလို့ရပါတယ်။ (အဲဒီ Shortcut ကိုယူ ကော်ပီပြီး Paste လိုက်ရုံပပါပဲ)

(၄) ပြီးရင်တော့ Volume တွေကို ဖန်တီးရအောင်လေ၊ အသစ်လုပ်ချင်ရင်တော့ - New volume
ကိုကလင့်လိုက်ရင် create new volume ဆိုတဲ့ box ကျလာလိမ့်မယ်။ ပြီးရင် next >> next >> volume
size မှာ ကိုယ်ဖိုင်ဆိုဒ်အတွက် ရွေးပေးလိုက် ( Volume size က 58.76 Gigabytes
အထိသိမ်းထားနိုင်တယ်လို့ ပြောပါတယ်) ပြီးရင် next ထပ်ပေးလိုက်ပါ။




(၅) နောက်တစ်ဆင့်ကတော့ ကိုယ်ခံချင်တဲ့ Password ရိုက်ထည့်ပါ၊ Very
Strong ဖြစ်အောင်ပေးပါ။ ပြီးရင်တော့ Next ထပ်ပေး၊


(၆) ကိုယ်သိမ်းထားတဲ့ဖိုင်ကို destop shortcut ပေးချင်ရင်တော့ Create a destop shortcut to open this
volume ကို အမှန်ခြစ်လိုက်ပါ။ ပြီးရင် Create Volume >> finish


ဒီအဆင့် (၆) ဆင့်ပြီးရင်တော့ ဖိုင်တွေကို သိမ်းလို့ရပါပြီးရှင်။
(၇) ရလာတဲ့ My private file (shortcut) ကို double click လိုက်ပြီး ပေးထားတဲ့ Password နဲ့ဝင်လိုက်ပါ။
Box တစ်ခု ကျလာပါလိမ့်မယ်။


(၈) ကျလာတဲ့ Box မှာ ဖိုင်တွေကို သိမ်းလို့ရပါပြီးရှင်။ ဖိုင်တွေကို Box ထဲ Drag
ဆွဲထည့်လိုက်ရုံပါပဲ။ အောက်ကပုံမှာ ကြည့်လိုက်ပါနော်။



အဆင်ပြေမယ်လို့ ထင်ပါတယ်ရှင်

.........................................
လေးစားစွာဖြင့်
ပိုး

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More